Monday, April 18, 2016

ပရမ်းပတာဦးနှောက်


          လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေ ၊ အပြုအမူတွေကို ဘယ်အရာတွေက လွှမ်းမိုး ထားပါသလဲလို့ မေးလာခဲ့ရင် တစ်ချို့က ဗီဇ (Genetic) လို့ ဖြေကြပါလိမ့်မယ်။ တစ်ချို့က ပတ်ဝန်းကျင် (environment) လို့ အကြောက်အကန် ငြင်းပါလိမ့်မယ်။ တစ်ချို့ကတော့ နှစ်ခု လုံးကို မျှမျှတတ လက်ခံကြပါတယ်။ ဒါပေမယ့် တခြား အကြောင်းအချက်တွေရော မရှိနိုင်ဘူး လားလို့ စဉ်းစားတဲ့သူ အတော်ရှားပါလိမ့်မယ်။
          လူဟာ ဗီဇကသော် လည်းကောင်း၊ ပတ်ဝန်းကျင်ကသော် လည်းကောင်း၊ ပြဌာန်းထား တဲ့ သတ္တဝါသက်သက်ပဲလား၊ ဒီလိုသာဆို လူရဲ့ လွတ်လပ်တဲ့စိတ်ဆန္ဒဆိုတာ ဘာလဲ၊ လူရဲ့ လွတ်လပ်တဲ့အပြုအမူဆိုတာ ဘာလဲ၊ လူရဲ့ ကိုယ့်လုပ်ရပ်အပေါ် ကိုယ်တာဝန်ယူမဆိုတာ ဘာလဲ။ မေးစရာရှိလာပါတယ်။ လူဟာ အထက်ပါအတိုင်း ဗီဇနဲ့ပတ်ဝန်းကျင်ရဲ့ ပြဌာန်းထားခြင်း ခံရတဲ့ သတ္တဝါသာဖြစ်ခဲ့မယ်ဆိုရင် လူတစ်ယောက်ရဲ့အပြုအမူတွေကို ကြိုတင်ခန့်မှန်း တွက် ချက်နိုင်ပါသလား ဆိုတာလည်း မေးဖို့လိုလာပါတယ်။
          ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Willian Riclark နဲ့ Michael Grunstein တို့က
“လူသားအပြုအမူနှင့် မျိုးဗီဇ၏ အခန်းက(The  role  of  genes in human behavior)” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေလိုက်ပါတယ်။ ဒီစာအုပ်မှာ လူသားဦးနှောက်ရဲ့ ပရမ်း ပတာနိုင်မ ၊ မခန့်မှန်းနိုင်မကို အဓိကတင်ပြထားပါတယ်။
          သူတို့က လူသားအပြုအမူဆိုင်ရာ လေ့လာမတွေဟာ မျိုးဗီဇနဲ့ပတ်ဝန်းကျင်၊ ဒွိဟ သဘောတရားနဲ့တင် သံသရာလည်နေတယ်။ ဒီသီအိုရီနှစ်ခုကို ပေါင်းစပ်ပြန်တော့လည်း လူသားအပြုအမူ ရွေးချယ်မနဲ့ ပတ်သက်ပြီးလုံလောက်အောင် မရှင်းပြနိုင်ပြန်ဘူး။ လူသား အပြု အမူ ရွေးချယ်မရဲ့မူလဇစ်မြစ်နဲ့ အဓိပ္ပါယ်ကို အနည်းငယ်ပဲ သိမြင်နိုင်ပါတယ်လို့ ဆိုပါ တယ်။
          ဒါကြောင့်မို့ သူတို့က လူ့ဦးနှောက်ရဲ့ ရှုပ်ထွေးမတွေနဲ့ ဆက်စပ်ပြီး “ပရမ်းပတာ သီအိုရီ” တစ်ခုကို ထုတ်ပြလာပါတယ်။ ဒီနေရာမှာ “ပရမ်းပတာ” ဆိုတာ ဘာလဲလို့ မေးဖို့လိုလာပါ တယ်။ စနစ် (system)တစ်ခုရဲ့ မူလအခြေ (Initial State) အနည်းငယ်ပြောင်းလဲမဟာ ရလဒ် (Outcome) မှာ အရမ်းကို ခြားနားတဲ့ကွဲလွဲမတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကို သိပ္ပံပညာရှင် တွေက “ပရမ်းပတာဖြစ်တယ်” လို့ ခေါ်ပါတယ်။
ူပဗေဒပညာရှင် ဟိုင်းဇင်းဘတ်ရဲ့မရေရာမနိယာမ (law of uncertainty) ထွက်ပေါ် လာပြီးနောက်မှာ စနစ်တွေရဲ့ပရမ်းပတာဖြစ်နိုင်မကို ပညာရှင်တွေ အတော်အာရုံစိုက်လာကြပါ တယ်။ “ပရမ်းပတာ”ဆိုတဲ့ စကားလုံးဟာ အတော့်ကို ရေပန်းစားလာပါတယ်။ လေ့လာချက် တွေအရ စနစ်တွေဟာ သိပ်ရှုပ်ထွေးလွန်းတဲ့ အတွက် အသေးစိတ်နားလည်ထားတာတောင်မှ ဘာတွေဖြစ်လာလိမ့်မယ်ဆိုတာကို တိတိကျကျ မမှန်းဆနိုင်ပါဘူးတဲ့။
          ဒါနဲ့ ပတ်သက်လို့ သူတို့နှစ်ဦးက ဥပမာတစ်ခုပေးပါတယ်။ ကျောက်တုံးကြီးတစ်တုံးကို ထိပ်ပေါ်ကလှိမ့်ချလိုက်တယ်ဆိုပါစို့။ အဲဒီကျောက်တုံးကြီးဟာ လိမ့်ဆင်းရာလမ်းတစ်လျှောက် မှာရှိတဲ့ ချုံပုတ်တွေ၊ သစ်ပင်အကိုင်းအခက်တွေ၊ တခြားကျောက်တုံးတွေနဲ့ စတင်ပြီးတိုက်မိပါ လိမ့်မယ်။ အဲဒီ တိုက်မိမ(Collision) တစ်ခုစီဟာ တိုက်မိရုံသက်သက်မဟုတ်ဘဲ ကျောက်တုံး ဆက်လက်လိမ့်ဆင်းရာမှာ ကြုံတွေ့ရမယ့်အနာဂါတ်လမ်းကြောင်းတွေ၊ ပြန်လှန်သက်ရောက်မ အကျိုးဆက်တွေကိုပါ အသစ်တဖန်ပြန်လည်ဖန်တီးပေးပါတယ်။
          မူလအခြေအနေမှာ  အနည်းငယ်သောပြောင်းလဲမဟာ အဆပေါင်းများစွာဖြစ်ပွားပြီး မမှန်း ဆနိုင်တဲ့ အကျိုးဆက်တွေကို ဖြစ်စေပါတယ်။ ဆိုလိုတာက ကျောက်တုံးကြီးဟာ မူလရည်မှန်း ထားတဲ့နေရာကနေ အတော်ဝေးဝေးကို ရောက်ရှိသွားနိုင်ပါတယ်။ ကျောက်တုံးကြီးရဲ့ လမ်း ကြောင်းကို ကျွန်တော်တို့တိတိကျကျ မခန့်မှန်းနိုင်ပါဘူး။ ဘာ့ကြောင့်ဆို သူ့လမ်းကြောင်းရဲ့ ကွေ့ကောက်ရှုပ်ထွေးမဟာ ကျွန်တော်တို့ တွက်ချက်နိုင်စွမ်းရည်ထက် သာလွန်နေလို့ပဲဖြစ်ပါ တယ်။
          လူသားဦးနှောက်ဟာ သူ့ရဲ့ကိုယ်ပိုင်စနစ်တစ်ခုနဲ့ ပရမ်းပတာအပြုအမူတွေကို ဖန်တီး နိုင်ပါတယ်။ သူတို့နှစ်ဦးက ဦးနှောက်ရဲ့ရှုပ်ထွေးမတွေနဲ့ပတ်သက်ပြီး အခုလိုရှင်းပါတယ်။
          နာ့ဗ်ဆဲတစ်ခုစီဟာ မယုံနိုင်လောက်အောင် ရှုပ်ထွေးပြီးဆဲလ်တစ်ခုစီကို အဆင့်ဆင့် ကိုင်းဖြာရှုပ်ထွေးနေတဲ့ လက်တံ(dendrites)တွေက တဆင့် သတင်းအချက်အလက်တွေ လက်ခံ ရယူပါတယ်။ ဆဲလ်တစ်ခုစီဟာ Neurons တစ်ထောင်ကျော်လောက်ဆီက သတင်း အချက်အလက် (လံ့ဆော်မ) တွေကို ရယူပါတယ်။ တစ်ခါ အဲဒီ Neurons တွေ ကိုယ်က လည်း ရာပေါင်းထောင်ပေါင်းများစွာသော သတင်းစီးဝင်မ(inputs)တွေရဲို့က်ခတ်မ(Impacts) ကို ခံရပါတယ်။
          “ဒီလောက် ရှုပ်ထွေးတဲ့ စနစ်တစ်ခုမှာ မပြောပလောက်တဲ့ကွဲလွဲမ (Variables) တွေဟာ အဆပေါင်းများစွာ တိုးပွါးလို့ သွားပါတယ်။ ဆဲလ်တစ်ခုကို ဖြတ်ပြီး သတင်းအချက်အလက် သယ်ဆောင်ရာမှာ လျှပ်စစ်စီးသလို Electrical Potential တွေက ထိန်းချုပ်ပါတယ်။ တစ်ခါ အဲဒီ Electrical Potential တွေဟာလည်း ရာပေါင်းများစွာသော ဓါတ်ဖိုဓါတ်မစီးကြောင်း (Ion channel) တွေကြောင့် ဖြစ်တည်နေရပါတယ်။ တစ်ချိန်တည်းမှာ ခနာကိုယ်ထဲက တခြား သောင်းနဲ့ချီတဲ့ ဆဲလ်တွေဟာ နာဗ်ဆဲလ်တွေရဲ့ ပြန်လှန်သက်ရောက်မ (Interaction) နဲ့ Feedback ပြန်လုပ်ပါတယ်။ တုန့်ပြန်မပြုပါတယ်။ ဆိုလိုတာက မော်လီကျူးအဆင့်မှာ ဖြစ်ပွား တဲ့ သေးငယ်လှတဲ့ ပြောင်းလဲမတစ်ခုဟာ မထင်မှတ်ထားတဲ့ ၊ မမှန်းဆနိုင်တဲ့ ၊ တုန့်ပြန်မတစ်ခု ကို ဖြစ်ပေါ်စေတယ်ဆိုတာပါပဲ။
          ကျောက်တုံးကြီးရဲ့ တောင်ဆင်းလမ်းကို မှန်းဆလို့မရသလိုပဲ ဦးနှောက်ရဲ့ ကြောက်စရာ ကောင်းလှတဲ့ ရှုပ်ထွေးမဟာ လူသားအပြုအမူအပေါ် သက်ရောက်မတွေကြောင့် ဖြစ်ပေါ်လာ တဲ့ ပြောင်းလဲမကို မမှန်းဆနိုင်ပါဘူး။
          အဲဒီလို ဦးနှောက်ရဲ့မမှန်းဆနိုင်မဟာ ပတ်ဝန်းကျင်ကို တုန့်ပြန်ရာမှာ ကွဲလွဲမတွေကို ဖန်းတီးပေးပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ကွဲလွဲတဲ့တုန့်ပြန်မတွေကို ဖြစ်ပေါ်စေပါတယ်။
          တခြားတစ်ဖက်ကကြည့်ရင် ဦးနှောက်ရဲ့ရှုပ်ထွေးပြီး ပရမ်းပတာနိုင်တဲ့ ဖြစ်စဉ်ဟာ မမှန်း ဆနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ခုန်ကျော်မ(leaps)တွေကို ပိုမိုကောင်းမွန်စေပြီး ကမ္ဘာလောကကြီးကို အမြင်သစ်နဲ့ မြင်လာစေပါတယ်။ ဒေါင်လိုက်တွေးခြင်းကနေ ဖြန့်ထွက်တွေးခြင်းကို ဖြစ်လာ စေပါတယ်။ Linear မျဉ်းသဘောဆန်တဲ့ (Sequential)အစဉ်အဆက်တွေးတောခြင်းမျိုးကနေ အကွက်သဘောဆန်တဲ့ (Simultaneously) တပြိုင်နက်သဘော တွေးခေါ်မတွေ ဖြစ်လာစေ ပါတယ်။ (Rational) ကြောင်းကျိုးဆက်တွေးခေါ်မကနေ (Irrational) ကြောင်းကျိုးမဲ့တွေးခေါ်မတွေ ဖြစ်လာစေပါတယ်။ (Reasoning) ဆင်ခြင်ခြင်းမှနေ (Intuition) ထိုးထွင်းသိခြင်းဆီ ရွေ့လာပါတယ်။ ပုံမှန်နေ့တဓူဝကိစ္စ (Routine) တွေကနေ (Innovation) တီထွင်မတွေ၊ (Creation) ဖန်တီးမတွေ ဖြစ်လာစေပါတယ်။
          ဒါကြောင့်မို့ ဒီ လူ့ဦးနှောက်ရဲ့ ပရမ်းပတာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာခုန်ကျော်မတွေဟာ မမှန်းဆနိုင်တဲ့ တီထွင်ဖန်တီးမတွေနဲ့ မတုပနိုင်တဲ့အနုပညာလက်ရာတွေကို ထွက်ပေါ်လာစေ ပါတယ်။ မမျှော်မှန်းနိုင်တာကို မျှော်မှန်းနိုင်လာပါတယ်။ ဘာကြောင့်ဆို လူသားအပြုအမူဟာ ဆင်ခြင်တုံတရားကင်းနေလို့ (သို့) မမှန်းဆနိုင်အောင် ရှုပ်နေခဲ့လို့ပါပဲ။
          ကျွန်တော်တို့ အမွေဆက်ခံခဲ့တဲ့ မျိုးဗီဇ(Genetic)နဲ့ ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင်(Environment)အပြင် ကျွန်တော်တို့အသီးသီးမှာ မထိန်းချုပ်နိုင်မ အတိုင်းအဆ (Certain level of indeterminism) ကိုယ်စီရှိကြပါတယ်။ ဆိုလိုတာက လူသားဟာ ဗီဇနဲ့ ပတ်ဝန်းကျင် လုံးဝဥုံပြဌာန်းထားတဲ့ သတ္တဝါ မဟုတ်ဘူးဆိုတာပါပဲ။
          ဒါကြောင့်မို့ ဗီဇနဲ့အတိတ်သမိုင်းဆိုတဲ့ ပြဌာန်းခံဝါဒနှစ်ခုကနေ လူသားကို လွတ်မြောက် စေခဲ့တဲ့ ပရမ်းပတာဖြစ်မ၊ မပြဌာန်းနိုင်မဟာ ကျွန်တော်တို့ကို ကိုယ့်အပြုအမူ ကိုယ်တာဝန် ယူစေဖို့လည်း တဖက်ကနေ တွန်းအားပေးနေပြန်ပါတယ်လို့ Willian နဲ့ Michael တို့က နိဂုံးချုပ် မှာ ဆိုထားပါတယ်။
ဒီနိုဗို
Ref: Are we hardwired?
The role of genes in human behavior
By Willian R.Clark and Michael Grunstein.
စံပယ်ဖြူ မဂဇင်း၊ အမှတ်(၃)၊ မတ်လ၊ ၂၀၀၂။








Tuesday, April 12, 2016

ပြဿနာအဟောင်းနှင့် သစ်သောအမြင်

အရာရာတိုင်းဟာ ပြောင်းလဲနေခဲ့ပါတယ်။ ခေတ်များ၊ စနစ်များ ၊ အတွေးအယူများ ၊ လုပ် နည်းလုပ်ဟန်များ ၊ နည်းပညာများ ၊ တန်ဖိုးထားမများ အားလုံးပြောင်းလဲနေခဲ့ပါတယ်။ တစ်လောကလုံး ပြောင်းလဲနေချိန်တွင် ကိုယ်ကမပြောင်းလဲလျှင် ကိုယ်သာကျန်ရစ်ပါမယ်။ ခေတ် ကို မျက်ခြေပြတ်လို့မရ။ မှာ ယနေ့ခေတ်၏အသံ ဖြစ်ပါတယ်။ လူတိုင်းလက်ခံထားသော သဘောထားလည်းဖြစ်ပါတယ်။ လူတိုင်းပြောလွန်းသဖြင့် ဆီသည်မ လက်သုတ်လိုဖြစ်နေသော အယူအဆလည်း ဖြစ်နေပါတယ်။ ဟုတ်ပြီ ။ ပြောင်းလဲဖို့လိုပါတယ်။ ဘယ်လိုပြောင်းလဲမှာလဲ ၊ ဘာကြောင့်ပြောင်းလဲမှာလဲ။ ပြောင်းလဲတယ်ဆိုတာ လွယ်ကူသောအရာလား။
        အပြောင်းအလဲဆိုတာ ရိုးရိုးလေးပါပဲ။ အဟောင်းကိုအသစ်နဲ့ အစားထိုးလိုက်တာပဲ မဟုတ်လား။ “မနေ့” ကနေ “မနက်ဖြန်” ဆီ ထွက်လာတာပဲမဟုတ်လား။ ပြောရတာ သိပ်လွယ် ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ သိပ်ခက်တဲ့အလုပ်ပါ။ ဘာကြောင့်ဆို လူအများက ပါးစပ်ကသာ ပြောင်းလဲမကို လိုလားကြတာပါ။ လက်တွေ့မှာ လုပ်နေကျ ၊ ရင်းနှီးနေတဲ့အရာတွေကို စွန့်ရမှာ တွန့်ဆုတ်ကြတာပါပဲ။ မရင်းနှီးသေးတဲ့၊ အကျွမ်းမဝင်သေးတဲ့ အရာတွေကို သံသယဝင်ကြတာ ပါပဲ။
        “ကျွန်တော်တို့က ဘာကြောင့် အလကားနေပြောင်းလဲနေရမှာလဲ၊ လက်ရှိပုံစံတွေကရော ဘာပြနာရှိလို့လဲ။” ဒီလို အတိုက်အခံသမားတွေနဲ့ မလွဲမသွေရင်ဆိုင်ရမှာပါပဲ။ ဒါဟာသဘာဝ ပါပဲ။ ဒီနေရာမှာ အရှည်မတွေးတတ်တဲ့ စီမံခန့်ခွဲသူတွေကတော့ ဒီလို အတိုက်အခံသမားတွေကို ပြနာတစ်ခုလိုမြင်ကြပြီး၊ ဘယ်လိုရှင်းထုတ်ပစ်ရမလဲ စဉ်းစားကြပါတယ်။ သူတို့က ဝန်ထမ်း တွေကို သူတို့ပရိုဂရမ်အတိုင်းပဲ လိုက်လုပ်စေချင်တယ်။ အပြောင်းအလဲကို စောဒကမတက်ပဲ ခိုင်းတဲ့အတိုင်းလုပ်စေချင်တယ်။
        ဒါပေမယ့် အဲ့ဒီလိုစောဒကတက်တဲ့ သူတွေကို ရှင်းထုတ်ပစ်လိုက်တာ၊ ဂရုမစိုက် လျစ်လျူ ရှုထားလိုက်တာကရော မှန်ရဲ့လား စဉ်းစားကြည့်ရအောင်။
        အကယ်သင်ဟာ မြွေတွေကို မုန်းတီးသူတစ်ယောက်ဆိုပါစို့။ သင်ဟာ အဲဒီပြနာ ကောင် မြွေတွေကို ရှင်းထုတ်ပစ်ချင်မှာပဲ။ ကဲ တစ်လောကလုံးက မြွေတွေကို သုတ်သင်လိုက်ပြီ ဆိုပါစို့။ သင်က မြွေပြနာကို ဖြေရှင်းပြီးပြီမို့ ကျေနပ်မရမယ်လို့ ထင်ကောင်းထင်နေပါမယ်။ ဒါပေမယ့် မြွေမရှိတဲ့အတွက် ဖြစ်လာမယ့်ပြနာကို သင် ရင်ဆိုင်ရပါတော့မယ်။ အဲဒါကတော့ ကြွက်တွေ သောင်းကျန်းလာမယ့် ကိစ္စပါပဲ။ ဒီလောက်ဆိုရင် သင်က ပြနာတစ်ခုလို့ မြင်နေတဲ့ မြွေတွေဟာ သင်မမြင်နိုင်တဲ့(ကြွက်) ပြနာရဲ့ဖြေရှင်းချက်တစ်ခုဖြစ်နေတာ သဘောပေါက် လောက်ပါပြီ။
        ပြောင်းလဲခြင်းကိစ္စမှာလည်း ဒီသဘောပါပဲ။ အတိုက်အခံသမားတွေကို ကန်ထုတ်လိုက်လို့ ရပါတယ်။ ဒါပေမယ့် အတိုက်အခံမရှိတဲ့အတွက် မလိုအပ်ဘဲ ပြောင်းလဲမတွေ လုပ်မိလာနိုင်ပါ တယ်။ ဒါကြောင့်မို့ အတိုက်အခံဆိုတာ လိုအပ်တဲ့အရာတစ်ခုပါပဲ။ “ကိုယ်တို့ကတော့ ပြောင်းလဲမပဲ လိုချင်တယ်။ ဘယ်လိုအတားအဆီးမှ ဂရုမစိုက်ဘူးကွ” ဆိုတဲ့ မန်နေဂျာဟာ ကိုယ့်ကျင်းကိုယ် စတူး နေတာပါပဲ။
ရှင်သန်ရပ်တည်မ ဖြစ်စဉ်
        ဆိုကြပါစို့၊ ကျားလိုက်မုဆိုးတစ်ယောက် သူ့လက်ထဲမှာ အမြဲဆောင်ထားတာက ရှည်လျား လေးလံလှတဲ့ လှံတစ်ချောင်း၊ သူ့ကို စေတနာကောင်းနဲ့ ပိုမိုပေါ့ပါးထိရောက်တဲ့ လေးနဲ့မြှားကို လက်ဆောင်ပေးမယ်ဆိုပါတော့။ သူသုံးမှာ မဟုတ်ပါဘူး။ ဘာကြောင့်ဆို သူသုံးနေကျ မဟုတ်လို့ ပါပဲ။ သုံးနေကျ မဟုတ်တဲ့အတွက် သူ သင်ယူရပါမယ်။ အဲဒီ ကျွမ်းကျင်လာအောင် လေ့ကျင့် သင်ယူနေစဉ်အတွင်းမှာ သူ ကျားတွေကို ဘယ်လိုလုပ်ဖမ်းမလဲ။ ဘယ်လို ရှင်သန်ရပ်တည်မလဲ။
        ပြောင်းလဲမကို ဆန့်ကျင်တယ်ဆိုတာ ဒီသဘောပါပဲ။ ဒါဟာ ရှင်သန်ရပ်တည်မအတွက် လိုအပ်ချက်ပါပဲ။ ဒါဟာ ပြနာတစ်ခု မဟုတ်ပါဘူး။
        လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက အခြေတည်ပြီး လုပ်ကိုင်လာတဲ့ သင့်လုပ်ငန်းက ငွေကြေးအရလည်း အောင်မြင်တယ်၊ ဈေးကွက်သစ်တွေကိုလည်း ထိုးဖောက်နိုင်တယ်၊ ကမ္ဘာ အနှံ့လည်း ခြေဆန့်နိုင်တယ် ဆိုကြပါစို့။ ဒီအချိန်မှာ တစ်ယောက်ယောက်က လုပ်ပုံကိုင်ပုံ ပြောင်းလဲဖို့အကြံပေးလာခဲ့ပြီ။ သင်ဘာလုပ်မလဲ။ အတိတ်က အောင်မြင်ခဲ့တဲ့ လုပ်နည်းလုပ်ဟန် တွေကို စွန့်ပြီး၊ မစမ်းသပ်ရသေးတဲ့ နည်းလမ်းတစ်ခုကို ကျင့်သုံးမှာလား။ သင့်ရဲ့ ရှယ်ယာဝင် တွေက ဘာကြောင့်လဲလို့ မေးခွန်းထုတ်လာရင် သင် ဘယ်လိုဖြေမလဲ။
        ဒီ့အပြင် ပြောင်းလဲဖို့ဆန့်ကျင်သူတွေက တစ်ဆင့်တက် မေးလာနိုင်ပါသေးတယ်။ ဒီ ပြောင်းလဲမဟာ ကုမဏီအတွက် အကောင်းလို့ သက်သေပြနိုင်ပါသလား။ အတိတ်က အောင်မြင်မကို မထိန်းသိမ်းနိုင်တာထားပါ။ အတိတ်က ရင်းနှီးမြှုပ်နှံမကို မထိန်းသိမ်းနိုင်တာ ကတော့ အနာဂါတ်ကိုပါ အလေးမထားတာပါပဲ။
        ပြောင်းလဲမအတွက် အကြီးမားဆုံး အဟန့်အတားကတော့ အတိတ်က အောင်မြင်မပါပဲ။ သူ့ဟာသူ အဆင်ပြေချောမွေ့နေတဲ့ အရာတစ်ခုကို ဘာကြောင့် ပြောင်းမှာလဲဆိုတဲ့ မေးခွန်းဟာ မေးသင့်တဲ့မေးခွန်းပါပဲ။ ကျိုးကြောင်းညီညွတ်မလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီလို မေးခွန်း ထုတ်တာကို ဒါသက်သက်စောဒက တက်တာပဲ။ ရှေးရိုးစွဲသမားရိုးကျသမားတွေပဲ ဆိုပြီး ယူဆ မယ်ဆိုရင်တော့ လုံးလုံးမှားပါလိမ့်မယ်။ ဘာကြောင့်ဆိုတော့ ဒါဟာ အတိတ်ကရရှိအောင်မြင်ခဲ့ တာတွေကို လျှော့တွက်တဲ့အပြင် အပြောင်းအလဲမှန်သမျှကို မခွဲခြားဘဲ လက်ခံမယ်ဆိုတဲ့ သဘော သက်ရောက်နေလို့ပါပဲ။
အပြောင်းအလဲကို ရွေးချယ်ခြင်း
        ကျွန်တော်တို့က ပြောင်းလဲဖို့လိုအပ်တာတော့အမှန်ပါပဲ။ ဘာကြောင့်ဆို ကျွန်တော်တို့ ပတ်ပတ်လည်က အရာရာတိုင်းဟာ ပြောင်းလဲနေတယ်။ အဲ့ဒီပြောင်းလဲနေတဲ့ အခြေအနေ တွေဟာ ကျွန်တော်တို့ရဲ့တည်ရှိမအနေအထားကို ပြောင်းလဲစေလို့ပါပဲ။ ယနေ့ ကျွန်တော်တို့ ကြုံ နေရတဲ့ ပြနာက ပြောင်း/မပြောင်း ပြနာ မဟုတ်ပါဘူး။ ဘယ်ပြောင်းလဲမက ကိုယ့် အတွက် သင့်လျော်မလဲဆိုတဲ့ ပြနာပါပဲ။ ကျွန်တော်တို့ကို ဟိုဟိုသည်သည် လမ်းညွှန်နေတဲ့ ပြောင်းလဲမတွေအများကြီးရှိပါတယ်။ မဂဇင်းတွေ ၊ စာစောင်တွေမှာ ကျွန်တော်တို့အတွက် အိုင်ဒီယာအသစ်တွေ ပါပါတယ်။ အဲဒီအပြောင်းအလဲတွေကို ယုံယုံကြည်ကြည် လိုက်လုပ်ရမယ် ဆိုရင်ပဲ ဆယ်စုနှစ်နဲ့ချီကြာပါမယ်။ အဲဒီအချိန်မှာပဲ နောက်လထုတ် မဂဇင်းတွေ ၊ စာအုပ်တွေမှာ နောက်ထပ်အိုင်ဒီယာအသစ်တွေ ထပ်ပေးပြန်ပါတယ်။ ကဲ ကျွန်တော်တို့ ဘယ်အိုင်ဒီယာကိုယူပြီး လိုက်ပြောင်းရမှာလဲ။
        ဒီနေရာမှာ အတိုက်အခံသမားတွေ ပြောနေကျ “ငါတို့ ဘာကြောင့် ဒီလိုပြောင်းမှာလဲ” ဆိုတဲ့မေးခွန်းဟာ လမ်းညွှန်မြေပုံတစ်ခုလို အသုံးဝင်လာပါတယ်။ များပြားလှတဲ့ ပြောင်းလဲရေး အိုင်ဒီယာတွေကြားမှာ ဒီမေးခွန်းဟာ စတီယာရင်တစ်ခုလို ကိုယ်နဲ့သင့်လျော်တဲ့ပြောင်းလဲမဆီ ဦးတည်စေပါတယ်။ နောက်တစ်မျိုးပြောရရင်တော့ ဒါဟာအပြောင်းအလဲတွေကို ရွေးချယ်စစ်ယူ တဲ့ ဂိတ်ပေါက်လို၊ စကာတစ်ခုလို အသုံးဝင်ပါတယ်။
        ဒီတော့ကာ ကျွန်တော်တို့ဟာ တချို့အပြောင်းအလဲတွေကို ရွေးချယ်ပြီး တချို့အပြောင်း အလဲတွေကို ငြင်းပယ်ရပါမယ်။ အဲဒီအတွက် နည်းဗျူဟာတစ်ခုတော့ ချမှတ်ရပါမယ်။
        ပထမဆုံးအနေနဲ့ ရွေးချယ်ရေးအတွက် အခြေခံစည်းမျဉ်းတွေ လိုပါတယ်။ သုံးနေကျ နည်းတွေကတော့ ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်ကို သုံးသပ်ခြင်း၊ ရင်းနှီးမြှုပ်နှံငွေနဲ့ ပြန်ရငွေကို တွက်ချက်ခြင်း၊ ဆုံးရှုံးနိုင်ခြေများကို ခန့်မှန်းတွက်ချက်ခြင်း စတဲ့နည်းတွေပါပဲ။ ကျွန်တော်တို့ဆီမှာ ဆုံးဖြတ်ချက်အထောက်အကူပြု အချက်အလက်တွေ၊ သိပ္ပံနည်းကျ တွက်ချက်မတွေ ရှိနေပါပြီ။ ဒါပေမယ့် ဒီသိပ္ပံနည်းဗျူဟာတွေဟာ ပြောင်းလဲမရဲ့ တကယ့်အဓိပ္ပါယ်ကို မေ့နေပါတယ်။ ပြောင်းလဲမဆိုတာ အဟောင်းကိုအသစ်နဲ့ အစားထိုးတာပါ။ ဒါကြောင့်မို့ အစားထိုးမယ့်အရာနဲ့ အခြားသောဖြစ်နိုင်ခြေနည်းလမ်းတွေအားလုံးကို နှိုင်းယှဉ်သုံးသပ်ရပါမယ်။ ဒီနေရာမှာ မေးခွန်း လေးခု ပေါ်လာပါတယ်။
(၁) အဟောင်းနဲ့ မလုံလောက်တော့ဘူးလား၊ ဘာကြောင့်မလုံလောက်တာလဲ?
ဒီမေးခွန်းကို ဖြေဆိုခြင်းအားဖြင့် ချို့ယွင်းအားနည်းချက်တွေ၊ ဖမ်းဆုပ်ရမယ့်အခွင့်အရေးတွေကို မြင်လာပြီး ဘယ်လိုအပြောင်းအလဲကို ရွေးချယ်ရမယ်ဆိုတာ ပေါ်လာပါလိမ့်မယ်။
(၂) အသွင်ပြောင်းလဲဖို့အတွက် ဘယ်လောက်ကုန်ကျနိုင်သလဲ၊ ဘာတွေပေးဆပ်ရမလဲ?
ဒီနေရာမှာ ထပ်ဖြည့်ဆည်းဝယ်ယူရမယ့် ကုန်ကျစရိတ်အပြင် ဖျက်သိမ်းရမယ့် စရိတ်လည်း ပါတယ်။ ကျွမ်းကျင်မအတွက် သင်တန်းပေးရမယ့်စရိတ်တွေ ပါပါတယ်။ ယာယီအားဖြင့် ကိုယ့် ကိုယ်ကို ယုံကြည်မလျော့ပါးတာ တွေ့ကြုံကြရပါမယ်။ ရာထူးနေရာအသစ်တွေအတွက် ကုန်ကျပါ ဦးမယ်။ ထွက်သွားတဲ့ဝန်ထမ်းတွေအတွက်လည်း ကုန်ကျပါမယ်။ ဒီ့အပြင် “တစ်ချိန်က ရွှေထီး ဆောင်းခဲ့တာ”ဆိုတဲ့ စိတ်ဓါတ်ရေးရာကို ဖျက်ဆီးပစ်လိုက်သလိုလဲ ဖြစ်ပါမယ်။
(၃)အသွင်ပြောင်းကာလ ကုန်ကျစရိတ်တွေနဲ့ အဆိုပြုထားတဲ့အကျိုးအမြတ်တွေ ကာမိပါရဲ့လား?
(၄)ပြောင်းလဲမတွေဟာ ကုမဏီရဲ့လက်ရှိအမြူတေတန်ဖိုးထားမတွေကို အားဖြည့်ထောက်ပံ့ပေး နိုင်ပါသလား?
        ပြောင်းလဲမဆိုတာ လေဟာနယ်ထဲမှာ ဖြစ်နေတာမဟုတ်ပါဘူး။ အခိုင်အမာ တည်ရှိပြီး သား အခြေအနေတစ်ခုမှာ ဖြစ်နေတာပါ။
        သင်က အထက်ပါမေးခွန်းတွေနဲ့ ပြောင်းလဲမတစ်ခုကို ရွေးချယ်ပြီးပြီဆိုရင်တော့ သင်ဟာ အဲဒီပြောင်းလဲမကို တစ်ခုတည်းသော မှန်ကန်သည့် ပြောင်းလဲမအနေနှင့် ယုံမှတ်ထားရပါမယ်။ ဒီလိုရွေးချယ်ရာမှာ တစ်ယောက်တည်း ဆုံးဖြတ်မယ်ဆိုရင်တော့ အခြားသူတွေရဲ့ ဆန့်ကျင်မကို ကြုံရမှာ မလွဲမသွေပါပဲ။ အဲဒီအတားအဆီးတွေ ကျော်လွှားဖို့ သင့်မှာ ပြင်းထန်တဲ့ဆန္ဒရှိရပါမယ်။ ဒါပေမယ့် ဒါဟာ သင့်အတ္တကို ကာကွယ်တာမျိုး မဖြစ်သင့်ပါဘူး။ သင့်ရဲ့ အရင်းအနှီးကို မပျောက် ပျက်အောင် ထိန်းသိမ်းတာမျိုးပဲ ဖြစ်သင့်ပါတယ်။
        ဒီနေရာမှာ ပိုမိုညင်သာတဲ့ ပြောင်းလဲမနည်းလမ်းတွေ ရှိပါတယ်။ ပြောင်းလဲမနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကာယကံရှင်တွေရဲ့အကြံဥာဏ်တွေပါပဲ။ သဘောထားအမြင်တွေကို တောင်းဆိုပြီး ပြောင်းလဲမတွေမှာ သူတို့ကို ပါဝင်စေတာပါပဲ။ ဒါမှသာ ပြောင်းလဲမဟာ သူတို့ကိုနောက်က တွန်း နေတဲ့အရာတစ်ခုလို့မယူဆပဲ ၊ သူတို့စိတ်ပါလက်ပါပြောင်းလဲထားတဲ့အရာတစ်ခုလို့ ယူဆကြပါ လိမ့်မယ်။
ဆင်ခြင်တုံကျခြင်းနှင့် မကျခြင်း
        ပြောင်းလဲမကို ဆန့်ကျင်ရာမှာလည်း နှစ်မျိုးရှိပါတယ်။ တစ်ချို့က အကျိုးအကြောင်း သင့် ရင် လက်ခံပါတယ်။ ပြောင်းလဲဖို့ ဝန်မလေးပါဘူး။ တစ်ချို့ကတော့ အကြောင်းမဲ့ဆန့်ကျင်နေကြ တာပါ။
        အကျိုးအကြောင်းသင့် ဆန့်ကျင်သူရဲ့အဓိက အကြောင်းကတော့ ဒီပြောင်းလဲမမှာ သူတို့ မပါဝင်သလို ခံစားရလို့ပါပဲ။ ဒါကြောင့် ပြောင်းလဲမရဲ့အခြေခံစည်းမျဉ်းအနေနဲ့ လူတွေကို ပါဝင် ရွေးချယ်စေသင့်ပါတယ်။
        ဒုတိယအကြောင်းရင်းကတော့ အသစ်ကိုသင်ယူရမှာ ကြောက်လို့ပါပဲ။ လူတို့ဟာ မမြင် နိုင်တဲ့အနာဂါတ်နဲ့ လိုက်လျောညီထွေ လိုက်နိုင်ပါ့မလားဆိုတဲ့ ပူပန်မတွေလည်းရှိပါတယ်။ ဒီ ပြနာတွေကို ကျော်လွှားမယ့်နည်းလည်းရှိပါတယ်။ သင်ယူမကာလအတွင်း ကနဦးမှားယွင်းမတွေအတွက် ကိစ္စမရှိပါဆိုတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးရပါတယ်။ မှားယွင်းမဟာ ကြိုးစားမရဲ့ပြယုဂ်ဖြစ်လို့ ဂုဏ်ယူပါတယ်ဆိုတာမျိုး ဖြစ်ရပါမယ်။
        အကြောင်းမရှိဘဲ ပြောင်းလဲမကို ဆန့်ကျင်နေသူတွေကိုတော့ အဖွဲ့အစည်းရဲ့စရိုက် လက္ခဏာတွေနဲ့ လျော်ညီစွာ ကိုင်တွယ်ရပါလိမ့်မယ်။
        ဒီတော့ကာ ပြောင်းလဲမကို ဆန့်ကျင်တာဟာ ပုံမှန်ပါပဲ၊ သဘာဝပါပဲ။ ပြနာတစ်ခု မဟုတ်ပါဘူး။ ဒီလိုဆန့်ကျင်တာဟာ ပြောင်းလဲမရဲ့အကြောင်းရင်းကို တောင်းဆိုနေပါတယ်။ ပြောင်းလဲမအတွက် အကြောင်းခိုင်လုံပါသလား။ ဖွင့်ပြောလိုက်ပါ။ ခိုင်လုံတဲ့အကြောင်း မရှိရင် တော့ ရှောင်လိုက်ပါ။ အတိုက်အခံတွေကို ဖယ်ရှားပစ်မယ့်အစား နားထောင်ပါ။ သင်ယူပါ။ ဦးဆောင်ပါလို့ပဲ တိုက်တွန်းလိုက်ချင်ပါတယ်။
နီမို
Ref: Resistance to Change:
A new view of an old problem.
By Peter de Jager.

စံပယ်ဖြူ မဂဇင်း၊ အမှတ်(၂) ၊ သြဂုတ် ၊ ၂၀၀၄။

Tuesday, April 17, 2012

အူမလည်းတောင့် သီလလည်းစောင့်


ကိုရူပ၊ ဦးစိတ္တ ဆွေးနွေးခန်း
အူမလည်းတောင့် သီလလည်းစောင့်
ကိုရူပ။    ဒီတစ်ခါ ဦးစိတ္တ မျက်နှာကြီးကလည်း ပြုံးဖြီးဖြီးနဲ့ မှိုရတဲ့မျက်နှာကျနေတာပဲ၊ ဘာတွေများ ပွပေါက်တိုးလာလို့လဲ၊ နဲနဲမျှပါဦး။
ဦးစိတ္တ။   ကျွန်တော့်ကိုများ အထင်တွေကြီးလို့ဗျာ၊ ပွပေါက်တိုးလဲ ကျွန်တော့်လို အကြောက်ကြီးပုံနဲ့ ဘယ်တော့မှ ကြီးပွားမယ့်သူမဟုတ်ပါဘူးဗျာ၊ သတင်းကောင်းလေး တစ်ပုဒ်ဖတ်ရလို့ပါ။
ကိုရူပ။    ဘာများလဲဗျ၊ တော်ရုံသတင်းတော့ ဟုတ်မယ်မထင်ဘူး။
ဦးစိတ္တ။   ဟုတ်ပဗျာ၊ တော်ရုံသတင်းမဟုတ်ဘူး၊ ကမ္ဘာပေါ်က ဆင်းရဲမွဲတေလှတဲ့ ဖွတ်ကြောပြာစုတွေအတွက် သတင်းကောင်းပေါ့ဗျာ၊ ဆင်းရဲသားအများစုကို ဒီဘဝကလွတ်ကျွတ်အောင် ဇီဝိန်ချွေပေးနေတဲ့ ကူးစက်ရောဂါတွေအတွက် ကာကွယ်ဆေးတွေကို ဆေးကုမ္ပဏီကြီးတွေက ဈေးချပြီး ရောင်းပေးတော့မယ်တယ့်ဗျ။ ဒီ့ထက်ကောင်းတဲ့သတင်း ရှိဦးမလား။
ကိုရူပ။    အဲဒီတော့ ဒီကုမ္ပဏီတွေက အမြတ်မယူတော့ဘူးလား၊ အရှုံးခံရောင်းပေးမှာလား၊ အမြတ်မရှိတော့ရင် ဒီကုမ္ပဏီတွေ ဘယ်လိုသွားရပ်တည်မလဲ၊ ဒါတော်တော်ထူးဆန်းတဲ့ သတင်းပဲ၊ နားရှိလို့သာ ကြားနေရတာ၊ သိပ်တော့ မယုံချင်ဘူး။
ဦးစိတ္တ။   ကိုရူပကလည်း တွေးပူတတ်ရန်ကော၊ ဘယ်ကုမ္ပဏီကမှ ဒေဝါလီခံရမယ့် အလုပ်မျိုးကို မလုပ်ဖူး စိတ်ချ၊ အခုလည်း သူက ဒီဆေးတွေကို ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ အမြတ်တင်ရောင်းလို့ ဝမှ ဆင်းရဲသားနိုင်ငံတွေကို ဈေးချပေးမှာ၊ ဟိုဖက်က အမြတ်နဲ့ ပြန်ခြေတဲ့သဘောပေါ့၊
ကိုရူပ။    ဒါဆို ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ မဖြစ်တဲ့ရောဂါကြီးတွေဆို သူတို့ဆေးထုတ်ဖို့ စိတ်မဝင်စားကြတော့ဘူးပေါ့ ဒီလိုလား။
ဦးစိတ္တ။   သိပ်ကောင်းတဲ့ မေးခွန်းပဲ၊ အမှန်အတိုင်းပြောရယင်တော့ အဲဒီအတိုင်းပဲ၊ ဥပမာပြောရယင် ငှက်ဖျားရောဂါ ကာကွယ်ဆေးထုတ်ဖို့ကို ဈေးကွက်မရှိလို့ သူတို့စိတ်မပါကြဘူး ဒီရောဂါက တောထဲတောင်ထဲသွားပြီး အလုပ်လုပ်ကိုင်စားသောက်နေရတဲ့ လုပ်စားကိုင်စားတွေ အဖြစ်များတယ် မဟုတ်လား၊ သူတို့ ကုမ္ပဏီကဆေးကို ဝယ်သောက်နိုင်တဲ့ အတန်းအစားတွေမှ မဟုတ်တာ၊ ဒါပေမယ့်ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး လူသတ်ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ ငှက်ဖျားကို ဒီလိုကာကွယ်ဆေးမျိုးနဲ့သာ ကာကွယ်လို့ရယင် ဘယ်လောက် အသေအပျောက်နှုန်း လျော့ကျသွားနိုင်သလဲ၊ ဒါနဲ့ဝိုင်းပြီး မေတ္တာရပ်ခံကြတာနဲ့ သူတို့ထုတ်နိုင်ဖို့ ကြိုးစားကြတာ အခုနီးစပ်နေပြီလို့တော့ ပြောပါတယ်။
ကိုရူပ။    ဒီကိစ္စမှာ ကြည့်ရင် အမြတ်အစွန်း အဓိကလုပ်ကိုင်နေတဲ့ ဆေးကုမ္ပဏီကြီးတွေရဲ့ လူသားဆန်တဲ့ ဆုံးဖြတ်ချက် အနည်းငယ်ဟာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်တာ သွားတွေ့ရတယ်နော်၊ ကျွန်တော်တို့က ပြည်သူ့ကျန်းမာရေး ပြဿနာ တွေဆို အစိုးရကျန်းမာရေးစီမံကိန်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေပဲပြေးမြင်တတ်တယ်၊ အမြတ်အစွန်းအဓိကထားတဲ့ ပုဂ္ဂလိက ကဏ္ဍက ကုမ္ပဏီကြီးတွေကို သိပ်ထည့်တွက်လေ့မရှိဘူး၊ သူတို့ရဲ့ အရေးပါမှုကို မေ့နေကြတယ်။
ဦးစိတ္တ။   မေ့ဆို အရင်က ကျွန်တော်တို့ ကြားဖူးတာတွေအရဆို ဆေးထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက မာဖီးယားဂိုဏ်းကြီးတွေ ကျနေတာပဲ၊ ဆေးဝါးအသစ်တွေ စမ်းသပ်ဖို့ အသိပညာနည်းပါးတဲ့ ဆင်းရဲသားတွေကို မလိမ့်တပတ်လုပ် အသုံးချပုံတွေ၊ မူပိုင်ကြေးတွေ မတန်တဆယူပြီး ဆေးဈေးနှုန်းတွေကို ထိန်းချုပ်ထားပုံတွေ၊ ပြည်တွင်းဖြန့်ချီရေးသမားတွေကလည်း ဆေးပြတ်မယ့်သတင်းကို ကြိုရယင် ဈေးတက်အောင် လှောင်ထားပြီး အမြတ်တင်ရောင်းချတတ်ပုံတွေ စုံနေတာပဲ၊ ကောင်းတာကို မပါသလောက်ပဲ၊ အခုလို သတင်း မျိုးကြားရတော့ အတော့်ကို အံ့သြမိတယ်၊ သူတို့မှာ စိတ်ကောင်းလေးတွေတော့ ရှိရှာသားပဲ၊ ပိုက်ဆံပဲ နင်းရှာနေတဲ့သူတွေ မဟုတ်ပါလားပေါ့။
ကိုရူပ။    သိပ်လည်း ချီးကျူးမစောနဲ့ဦးဗျ၊ နောက်ခံအကြောင်းအရာတွေကိုလဲ လေ့လာဦး၊ ခေတ်ကြီးကပြောင်းနေပြီ၊ စီးပွါးရေးလုပ်တယ်ဆိုပေမယ့် အမြတ်အစွန်းတစ်ခုထဲကို ကြည့်လို့မရတော့ဘူး၊ ကုမ္ပဏီရဲ့ ပုံရိပ်ကလည်း အရေးပါလာခဲ့ပြီ၊ corporate social responsibility ဆိုတဲ့ စကားက စီးပွါးရေးလောကမှာ အတော်ခေတ်စားလာခဲ့ပြီ၊ စီးပွါးရေးသမားတွေမှာလည်း လူမှုရေးတာဝန်တွေ ရှိတယ်ဆိုတာကို အတော်လေးကျယ်ကျယ်လောင်လောင် ပြောလာကြပြီ။
ဦးစိတ္တ။   ဘာလဲဗျ၊ ကိုယ့်စီးပွါးရေးလုပ်ငန်းကြောင့် ထိခိုက်နစ်နာသွားတဲ့ လူထုကို ကျေနပ်အောင် ပညာရေး၊ ကျန်းမာရေး တတ်နိုင်သလောက် ပြန်ကူညီပေးတဲ့အလုပ်တွေကို ပြောချင်တာလား။
ကိုရူပ။    တကယ်တော့ အဲဒီလောက် မကဘူးဗျ၊ စီးပွါးရေးသောင်းကျန်းပြီး လုပ်ချင်ရာလုပ် ပတ်ဝန်းကျင် ဂရုမစိုက်ဘဲ ပြီးမှ လေပြည်ထိုးတဲ့အနေနဲ့ ကျေးလက်ဆေးပေးခန်းလေး ဖွင့်ပေးတာလောက်ကို ပြောနေတာမဟုတ်ဘူး၊ ခုန ငှက်ဖျားကာကွယ်ဆေးမှာလိုမျိုး စီးပွါးရေးအကျိုးအမြတ်မရှိပေမယ့် လူအများအသက်ကိုကယ်ဆယ်ဖို့ ဇွတ်မျက်စိမှိတ်ထုတ်လိုက်တာမျိုးကို ဆိုလိုတာပါ၊ ကိုယ့်ရဲ့ စီးပွါးရေးရည်မှန်းချက်တွေထဲမှာ ငွေကြေးအမြတ်အစွန်းအပြင် ကိုယ့်ဖောက်သည်ရဲ့ လူမှုရေးလိုအပ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစား ပေးတာမျိုးပါ။
ဦးစိတ္တ။   အေးဗျာ၊ သူ့ကုမ္ပဏီ နာမည်ကောင်းစေဖို့ လုပ်တယ်ပဲပြောပြော၊ လူတွေအတွက် ထည့်စဉ်းစားပေးတာကိုပဲ ကျွန်တော်တို့ ကြိုဆိုရမှာပဲ၊ ကျွန်တော့်မှာ တစ်မနက်လုံး အဲဒီအကြောင်းတွေးပြီး စိတ်တွေချမ်းသာနေတာဗျ။
ကိုရူပ။    ခင်ဗျားတောင် အဲဒီလောက် စိတ်ချမ်းသာနေရင် ဒီဆုံးဖြတ်ချက်ကိုချခဲ့တဲ့ ကုမ္ပဏီအကြီးအကဲတွေလည်း ဘယ်လောက်များ ပီတိဖြစ်နေမလဲဆိုတာ ခန့်မှန်းလို့ရပါတယ်၊ တကယ်တော့ ဒါဟာ ကိုယ်ကျိုးအတွက်လုပ်ရင်း အများအကျိုးကိုလည်း ဆောင်လို့ရနေ တယ်ဆိုတဲ့ သာဓကတွေပေါ့ဗျာ။            
နီမို
ဂျွန် ၂၀၁၁
Ref; Drug firms cut vaccine prices to the developing world
        BBC News; 6 June 2011
True News Journal
အတွဲ ၃၊ အမှတ် ၄၁
ဇူလိုင်၂၀၁၁